ကျနော်နေရာလေးကို ရောက်လာတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်ဗျာ

Tuesday, April 2, 2013


ယခုတလောအချို့သောလူတွေ ၉၆၉ ကို အကြမ်းဖက်လို့မြင်နေကြတယ်။ အမှန်တကယ်တော့ ဒီလိုဖြစ်ပေါ်အောင် အမြင်စောင်းအောင် ဖျက်စီးနေတဲ့အဖျက်သမားတွေရဲ့လုပ်ရပ်ကြောင့် ဘုရား၊တရား၊သံဃာ တွေရဲ့ ဂုဏ်တွေကို ထိခိုက်စေတယ်။ အခုရှေ့ဆောင်လမ်းပြ

ဆရာတော်တွေလုပ်နေတာလည်း ကိုယ့်အမျိုးဘာသာကို ချစ်တတ်ဖို့ စောင့်ရှောက်တတ်ဖို့ အတွက်ပဲ။ ဘာသာနဲ့လူမျိုးမပျောက်စေဖို့ အဓိက အပြုသဘောဆောင်တဲ့လုပ်ရပ်တွေပါ။ ကျွန်မကတော့ ၉၆၉ ပေါ်လာတာကိုနှစ်သက်တယ်။ ဘာကြောင့်လည်းဆိုရင် ၉၆၉

ဆိုတာကိုဗုဒ္ဓဘာသာတိုင်းသိကုန်ကြတယ်။ ဗုဒ္ဓဘာသာမှာ မိရိုးဖလာတွေများတယ်။ မိမိကိုးကွယ်နေတဲ့ သရဏဂုံသုံးပါးဆိုတာ ဘုရား၊ တရား၊ သံဃာ လောက်ပဲသိတယ် ဒီဂုဏ်ကျေးဇူးတွေကိုမသိကြဘူး။ အခုဆို ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊

သံဃာ့ ဂုဏ်တော်ကိုးပါးဆိုတာကို ကလေးတွေကအစသိလာတယ်။ ဒါ ၉၆၉ ဆိုတဲ့အမှတ်တံဆိပ်ကြောင့်ပဲ။ အဲဒီတော့ ကျွန်မပြောခြင်တာ ကျွန်မတို့ဘာသာဟာသွေးစွန်းတဲ့ဘာသာမဟုတ်ဘူး၊ အစွန်းရောက်ဘာသာမဟုတ်ဘူး။ လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားတယ်။

ကိုယ်ပိုင်အသိညဏ်နဲ့ဆုံးဖြတ် စဉ်းစားစေချင်၊ စမ်းစစ်စေချင်လို့ ဒီလိုလွတ်လပ်ခွင့်ပေးထားတာကို ကျွန်မတို့ ဗုဒ္ဓဘာသာကလည်း အစစ်အမှန်မို့လို့ အစမ်းစစ်ခံတယ်ဆိုတာမှတ် ထားပြီး အလေးထားလေ့လာစေခြင်တယ်။ အဲဒီတော့ ဒီဗုဒ္ဓဘာသာ သာသနာထွန်းကားဖို့ကို

ငါတို့ကြိုးစားရမယ်ဆိုတာ ကျွန်မတို့ ဗုဒ္ဓဘာသာ လူမျိုးတိုင်းရဲ့စိတ်ထဲမှာရှိသင့်တယ်။ အခုဆို ဆရာတော် တွေရဲ့ မေတ္တာစေတနာနဲ့ ဆိုဆုံးမမှူ့တွေကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာတွေ အမြင်ကျယ် မျက်စိပွင့် နားပွင့်လာကြတယ် အခုဆို ဆယ်ကျော်သက်လူငယ်လေးတွေက

အစ လူမှူ့ ရေး အဖွဲ့အစည်းတွေဖွဲ့ပြီး လိုအပ်တဲ့နေရာတွေမှာ အထောက်အပံ့ တွေပေးလို့ လှူတတ်လာကြပြီ။ အရင်က အလှူဆို ဘုရားကျောင်းကန်မှ လှူရမယ်လို့ပဲမှတ်ထားကြတာ။ ဒါကြောင့်လည်း ဘာသာခြားတွေက ကျွန်မတို့ အသိမကြွယ် အမြင်နဲ တဲ့ ဗုဒ္ဓဘာသာ

လူငယ်လေးတွေကို နည်းမျိုးစုံလို့ ဖျားယောင်းသွတ်သွင်းလို့နေကြတယ်။ ယခုအခါမှာ အမြို့ မြို့ အရွာရွာတိုင်းမှာ ယဉ်ကျေးလိမ္မာသင်တန်းတွေ ဖွင့်လှစ်လာပြီ ဖြစ်လို့ ကလေးသူငယ်တွေ ဘာသာရေး မျက်စိပွင့်နားပွင့်လာကြပြီ။ ကျွန်မတို့တွေဒီထက်ပို ကြိုးစားကြရမယ်။

ကလေးသူငယ၊် လူငယ်လူရွယ်လေးတွေကို ယဉ်ကျေးလိမ္မာလာအောင် သင်ကြားပေးသလို၊ သူတို့လေးတွေရဲ့ အနာဂတ်အတွက်ဘ၀လိုအပ်ချက်လေးတွေကို လည်းတတ်နိုင်သလောက် ထောက်ပံ့ပေးနိုင်အောင်ကြိုးစားရမယ်။ တကယ်တန်းကြတော့ ကျွန်မတို့

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ချမ်းသာတဲ့သူ၊ လူလတ်တန်းစား၊ ဆင်းရဲတဲ့သူ တွေရှိကြပါတယ်။ ကိုယ်ကျင့်တရားကောင်းပြီး အပြန်အလှန် မျှဝေ သုံးစွဲကြမယ်ဆိုရင် ဗုဒ္ဓဘာသာလူမျိုးတွေဆင်းရဲ ငတ်ပျက်တဲ့သူတွေမရှိနိုင်ပါဘူး။ ချမ်းသာတဲ့သူကလည်း

အမြတ်ကြီးစားခေါင်းပုံဖြတ်စိတ်မွေး၊ ဆင်းရဲတဲ့သူကလည်း လစ်ရင်လစ်သလို ရေသာခိုအချောင်လိုက်နေတဲ့သူတွေရှိနေကြလို့ပါ။ တကယ်လို့ ကျွန်မတို့ နိုင်ငံအကြီးအကဲကစလို့ ဟိုးအောက်ခြေလူတန်းစားအထိ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်းသာနေကြမယ်ဆိုရင်

တိုင်းပြည်ကြီးဟာ ငြိမ်းချမ်းသာယာဝ ပြောနေမှာအမှန်ပါ။ အခုတော့တစ်ဦးချင်းစီရဲ့  ကိုယ်ကျင့်သီလတွေကမှမကောင်းလေတော့ စီးပွားဥစ္စာအပြင် ဘာသာ၊ လူမျိုး ၊ ယဉ်ကျေးမှူ့ ပါပျက်စီးရတော့မဲ့ကိန်း ဆိုက်နေပါတယ်။ အဲဒီတော့ အဆုံးသတ်ကျွန်မပြောချင်တာ

ကတော့ ယခု အတောအတွင်းမှာ ဖြစ်ပျက်နေတဲ့ဘာသာရေး လူမှူ့ရေးကိစ္စတွေမှာ အမှန်တကယ်မိမိ ဗုဒ္ဓဘာသာကိုချစ်ခင်နှစ်သက် မြတ်နိုးတဲ့သူ ပါသလို ဖျက်လိုဖျက်စီးလုပ်လိုတဲ့သူ အခွင့်ကောင်းယူပြီး သူတပါးဒုက္ခရောက်နေချိန်မှာ ပစ္စည်းဥစ္စာများကို

အချောင်လိုချင်တဲ့သူ တွေပါနေပါတယ်။ ဗုဒ္ဓဘာသာ လူမျိုးတိုင်းသိထားရမှာက ငါဗုဒ္ဓဘာသာလို့ ဟစ်အော်ပြီး ဘုရားမနှစ်သက်တဲ့ အကြမ်းဖက်မှူ့ ကိစ္စမျိုးကိုမပြုမူစေချင်ပါဘူး။ အဓိကသတိထားရမှာက ဗုဒ္ဓဘာသာဝင်တဦးချင်းတစ်ယောက်ချင်းစီတိုင်းသာ

ဘုရားဟောတဲ့ တရားအတိုင်းသာပြုမူကျင့်ကြံကြမယ် မိမိရဲ့ ယဉ်သွေးငယ်တွေကို ၊ ဆရာဆရာမတွေကလည်း မိမိတပည့်လေးတွေကို လိမ္မာယဉ်ကျေးအောင် မိမိဘာသာလူမျိုးကိုချစ်တတ်အောင်သင်ပေးနိုင်မယ် ဆိုရင်၊ ဒို့ ဗုဒ္ဓဘာသာလူမျိုးအချင်းချင်း

အပြန်အလှန်အထောက် အပံ့ပေးကြမယ်ဆိုရင် ဒို့ဘာသာ လူမျိုးမပျောက်နိုင်ပါဘူး။ နှမ်းတလုံးနဲ့ ဆီမဖြစ်ပေမဲ့ နှမ်းတလုံးချင်းစီကို စုပြီး ကြိတ်လိုက်ရင်ဆီဖြစ်နိုင်ပါတယ်ရှင်။ အဲဒီတော့ ကျွန်မနောက်ဆုံးတခုပဲမေးလိုက်ချင်ပါတယ် ယခု ၉၆၉ ကိုခုတုန်းလုပ် အကြမ်းဖက်နေသော၊ ရိုင်းစိုင်းစွာ ဆဲဆိုနေကြသော ငါဗုဒ္ဓဘာသာကွလို့ ဟစ်အော်ပြီး ရိုင်းစိုင်းစွာ ပြုမူနေကြသူများ ရှင့် ဗုဒ္ဓ၏ အဆုံးအမကိုဘယ်လောက်ခံယူပြီးပါပြီလဲ၊ ဗုဒ္ဓ ဘာသာအကြောင်းကို သင်ဘယ်လောက်လေ့လာပြီးပါပြီလဲ၊ ဗုဒ္ဓဘာသာ လူမျိုးအတွက်
ဘာတွေ အထောက်အကူပြုပြီးပါပြီလဲ လို့ မေးလိုက်ချင်ပါတယ်ရှင်။ ဒီအဆုံးသတ် စာသားကြောင့် ကျွန်မကိုဆဲ ခြင်ဆဲကြလိမ့်မယ်။ ကျွန်မကို နင်ကုလား မယား လုပ်မလို့လားလို့ ဆဲလာခဲ့ရင်လည်းကျွန်မ မမှူ့ ဘူး၊ ဘာလို့လည်းဆိုတော့ ကျွန်မက ကျွန်မရဲ့ အသက်ကိုသာအသေခံသွားမယ် ကျွန်မနှစ်သက်သော ကျွန်မလေးစားရသော ကျွန်မဂုဏ်ယူကျေနပ်မိသော ဗုဒ္ဓဘာသာလူမျိုး အဖြစ်က ဘယ်တော့မှ မပြောင်းလဲမှာမို့လို့ပါ။ ဒီလိုဆဲဆိုသွားတယ်ဆိုကတည်းက ကျွန်မတို့ ၏ ကိုးကွယ်အားထားရာ ဘုရားရဲ့တရားကိုနားမလည်တဲ့ အကန်းဗုဒ္ဓဘာသာလို့ပဲမြင်မိပါတယ်။

အားလုံး မျက်စိဖွင့်၊ နားဖွင့်ပြီး
မိမိကိုယ်တိုင် ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားအားထုတ်လျှက်
အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်တတ် တဲ့သူများဖြစ်အောင်
ကြိုးစားအားထုတ်နိုင်ကြပါစေရှင်


ဖြူစင်သော မေတ္တာဖြင့်

အဖြူရောင်


No comments:

Post a Comment