ကျနော်နေရာလေးကို ရောက်လာတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်ဗျာ

Wednesday, April 3, 2013

ဗောဇ္ဈင်္ဂသုတ်

ဗောဇ္ဈင်္ဂသုတ် (ပါဠိ)

၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ၀ိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရ သေနာပမဒ္ဒနေ။

၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တကုတ္တမာ။
အဇာတိ မဇရာ ဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

၃။ ဧ၀မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
သြသဓဉ္ဇ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

၎။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ၀ိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ ပရေ။

၅။ သမာဓု ပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ တေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

၆။ သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနယ စ ဗောဓိယာ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၇။ ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

၈။ တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံ သု တင်္ခဏေ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၉။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ ဘိ ပီဠိတော။
စုန္ဒတ္ထေရေန တံယေ၀၊ ဘဏာပေတွာန သာဒရံ။

၁၀။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ၀ုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စ ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၁။ ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။

ဗောဇ္ဈင်္ဂသုတ် (မြန်မာပြန်)

၁။ ဗောဇ္ဈင်ခုနစ်ပါးမြတ်တရားသည် သံသရာခရီးသွား ဒုက္ခသည်များကို ဒုက္ခခပ်သိမ်းကင်းငြိမ်းစေနိုင်ပါသည်။ ကိလေသာမာရ် ကိုယ်တွင်းရန်ကို ဧကန်ဖျက်ဆီးနိုင်ပါသည်။
၂။ ဗောဇ္ဈင်ခုနစ်ပါးမြတ်တရားကို သိရှိနားလည်ပါက ဘုံသုံးပါးမှ လွတ်မြောက်နိုင်ပါသည်။ မြတ်သော အရိယာပုဂ္ဂိုလ်များဖြစ်နိုင်ပါသည်။ ပဋိသန္ဓေ မနေ၊ မအို၊ မနာ၊ မသေရာ နိဗ္ဗာန်ကို ရောက်နိုင်ပါသည်။
၃။ အို သူတော်ကောင်းအပေါင်းတို့ - 
အထက်ပါ ဂုဏ်ထူးဝိသေသ စသည်တို့နှင့် ပြည့်စုံသော နတ်ဆေးဝါး၊ နတ်မန္တရားကဲ့သို့ အစွမ်းထက်သော ဗောဇ္ဈင်သုတ်ပရိတ်တော်ကို ပေါင်းစုညီညာရွတ်ဆိုကြပါကုန်စို့။
၎။
၁) သတိသမ္ဗောဇ္ဈင်
၂) ဓမ္မ၀ိစယသမ္ဗောဇ္ဈင်
၃) ၀ီရိယသမ္ဗောဇ္ဈင်
၎) ပီတိသမ္ဗောဇ္ဈင်
၅) ပဿဒ္ဓိသမ္ဗောဇ္ဈင်
၅။
၆) သမာဓိသမ္ဗောဇ္ဈင်
၇) ဥပေက္ခာသမ္ဗောဇ္ဈင်
ဆိုတဲ့ ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ ထိုဗောဇ္ဈင်ခုနစ်ပါး မြတ်တရားကို အဖန်ဖန်လေ့လာပွားများပါက - 
၆။
၁ - အဘိဉာဉ်ခြောက်ပါးလဲ ရရှိနိုင်ပါသည်။
၂ - နိဗ္ဗာန်ကိုလဲ ရရှိနိုင်ပါသည်။
၃ - အရဟတ္တမဂ်ကိုလဲ ရရှိနိုင်ပါသည်။
ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။
၇။ ရှင်မောဂ္ဂလ္လာန်နှင့် ရှင်မဟာကဿပ မထေရ်မြတ်နှစ်ပါး မကျန်းမမာဖြစ်တော်မူရာ ဗောဇ္ဈင်သုတ်ကို မြတ်စွာဘုရား ရွတ်ဆိုတော်မူပါသည်။
၈။ ထိုအခါ မထေရ်မြတ်နှစ်ပါး ချက်ချင်းကျန်းမာတော်မူကြပါသည်။ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။
၉။ တစ်နေ့မှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး မကျန်းမမာဖြစ်တော်မူရာ ဗောဇ္ဈင်သုတ်ကို စုန္ဒမထေရ် ရွတ်ဆိုတော်မူပါသည်။
၁၀။ မြတ်စွာဘုရား ၀မ်းမြောက်တော်မူ၍ ချက်ချင်းကျန်းမာတော်မူပါသည်။ ထိုသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၁။ ဘုရားရှင်၊ ရှင်မောဂ္ဂလ္လာန်ထေရ်၊ ရှင်မဟာကဿပထေရ် ပုဂ္ဂိုလ်မြတ်ကြီးသုံးပါး ရောဂါအားလုံး ကင်းရှင်းတော်မူကြပါသည်။ နောက်ထပ်လဲ ရောဂါဘယများ ဖြစ်တော်မမူကြပါ။ မဂ်ဖြင့် ကိလေသာကို ပယ်သကဲ့သို့ ဗောဇ္ဈင်သုတ်ဖြင့် ရောဂါအားလုံးကို ပယ်နိုင်ပါသည်။ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။

ဗောဇ္ဈင်္ဂသုတ် ရွတ်ဖတ်ခြင်း အကျိုး

လူမမာများကို ရောဂါသက်သာလာစေသည်။ ပျောက်ကင်းစေနိုင်သည်။ ဆေးရုံများတွင် အထူးရွတ်သင့်သည်

No comments:

Post a Comment