ကျနော်နေရာလေးကို ရောက်လာတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်ဗျာ

Wednesday, April 3, 2013

ပုဗ္ဗဏှသုတ်

ပုဗ္ဗဏှသုတ် (ပါဠိ)

၁။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ၀ိန သ မေန္တု။


၂။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဓမ္မာ နုဘာဝေန ၀ိနာ သ မေန္တု။


၃။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
သံဃာနုဘာဝေန ၀ိနာ သ မေန္တု။


၎။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊
ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိေဿာကာ၊
ဟောန္တု သဗ္ဗေပိ ပါဏိနော။


၅။ ဧတ္တာဝတာ စ အမှေဟိ၊
သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေ၀ါ နုမောဒန္တု၊
သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။


၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊
သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊
ဂစ္ဆန္တု ဒေ၀တာ ဂတာ။


၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


၈။ ယံကိဉ္စ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊
သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေါ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


၉။ ယံကိဉ္စ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊
သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


၁၀။ ယံကိဉ္စ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊
သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၁။ ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။
သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။


၁၂။ ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။
သဗ္ဗ ဓမ္မာ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။


၁၃။ ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။
သဗ္ဗ သံဃာ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။


၁၄။ မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္မောဓိ မုတ္တမံ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။


၁၅။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎနော။
ဧ၀မေ၀ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။


၁၆။ အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထု ၀ိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။


၁၇။ သုနက္ခတ္ကံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။


၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊ ၀ါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။

၁၉။ တေ အတ္ထလဒ္ဓါ သုခိတာ၊ ၀ိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။


ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။

ပုဗ္ဗဏှသုတ် (မြန်မာပြန်)

၁။

  • မကောင်းသော အတိတ်နိမိတ်မျာ၊
  • ငှက်ဆိုးတို့၏ မြည်သံတွန်သံများ၊
  • မကောင်းသော ဂြိုလ်စီးဂြိုလ်နင်းများ၊ 
  • မကောင်းသောအိပ်မက်များ 
    ဘုရားတန်ခိုးတော်ကြောင့် ပျောက်ပျက်ကြပါစေ။
၂။ တရားတန်ခိုးတော်ကြောင့် ပျောက်ပျက်ကြပါစေ။
၃။ သံဃာတန်ခိုးတော်ကြောင့် ပျောက်ပျက်ကြပါစေ။
၎။

  • ဒုက္ခရောက်နေသူများ ဒုက္ခကင်းကြပါစေ။
  • ဘေးရန်တွေ့နေသူများ ဘေးကင်းကြပါစေ။
  • သောကဖြစ်နေသူများ သောကကင်းကြပါစေ။
၅။ အကျွန်ုပ်တို့ ပြုလုပ်ဆည်းပူးအပ်သော ပြည့်စုံသော ကောင်းမှုကို လောကီ-လောကုတ္တရာ ချမ်းသာရေးအတွက် သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များ သာဓု အနုမောဒနာ ခေါ်တော်မူကြပါ။
၆။ သဒ္ဒါတရားဖြင့် အလှူပေးတော်မူကြပါ။ သီလဆောက်တည်တော်မူကြပါ။ ကမ္မဋ္ဌာန်း ဘာဝနာပွားများတော်မူကြပါ။ ကြွရောက်လာကြသော သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ ပြန်ကြွတော်မူနိုင်ကြပါပြီ။
၇။ အလုံးစုံသော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တို့၏ တန်ခိုးတော်ဖြင့် အရပ်မျက်နှာတိုင်း အကာအကွယ် အရံအတားပြုလုပ်ထားပါသည်။
၈။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်တို့၌ ရှိရှိသမျှ ရတနာတို့တွင် ဘုရားရတနာသည် အမြတ်ဆုံးဖြစ်ပါသည်။ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။ (ရတနသုတ်၌ ပါခဲ့ပြီ။)
၉။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်တို့၌ ရှိရှိသမျှ ရတနာတို့တွင် တရားရတနာသည် အမြတ်ဆုံးဖြစ်ပါသည်။ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၀။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်တို့၌ ရှိရှိသမျှ ရတနာတို့တွင် သံဃာရတနာသည် အမြတ်ဆုံးဖြစ်ပါသည်။ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၁။

  • သတ္တ၀ါများ မင်္ဂလာအပေါင်း ခညောင်းကြပါစေ။
  • နတ်များကလဲ စောင့်ေ၇ှာက်ကြပါစေ။
  • ဘုရားတန်ခိုးတော်ကြောင့် ချမ်းသာကြပါစေ။
၁၂။
  • သတ္တ၀ါများ မင်္ဂလာအပေါင်း ခညောင်းကြပါစေ။
  • နတ်များကလဲ စောင့်ေ၇ှာက်ကြပါစေ။
  • တရားတန်ခိုးတော်ကြောင့် ချမ်းသာကြပါစေ။
၁၃။ 
  • သတ္တ၀ါများ မင်္ဂလာအပေါင်း ခညောင်းကြပါစေ။
  • နတ်များကလဲ စောင့်ေ၇ှာက်ကြပါစေ။
  • သံဃာ့တန်ခိုးတော်ကြောင့် ချမ်းသာကြပါစေ။
၁၄။ မဟာကရုဏာ၇ှင် ဘုရားသခင်သည် ဝေနေယျသတ္တ၀ါများကို ကယ်တင်တော်မူရန် ပါရမီဆယ်ပါး အပြားသုံးဆယ်ကို ဖြည့်ကျင့်တော်မူကာ ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၅။ မြတ်စွာဘုရားသည် မဟာဗောဓိပင်အောက် ပလ္လင်တော်ပေါ်၌ ထိုင်နေတော်မူလျက် မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ သတ္တ၀ါများလဲ ဘေးရန်အပေါင်းကို အောင်မြင်ကြပါစေ၊ တစ်နေ့တစ်ခြား ဒီရေအလားကဲ့သို့ ကျက်သရေ မင်္ဂလာများလဲ တိုးပွားကြပါစေ။
၁၆။ မြတ်စွာဘုရားသည် အပရာဇိတ ပလ္လင်တော်ပေါ်၌ ဘုရားဖြစ်တော်မူ၍ ၀မ်းမြောက်တော်မူသကဲ့သို့ သတ္တ၀ါများလဲ လိုလားချက်ပန်းတိုင်ကို ဆိုက်ရောက်ကြ၍ ကြည်နူးရွှင်ပြနိုင်ကြပါစေ။
၁၇။ ကောင်းမြတ်သောအကျင့်ကို ကျင့်နေသူများအဖို့- 
  • အမြဲတမ်း နက္ခတ်ကောင်းပါတယ်။
  • အမြဲတမ်း ကျက်သရေမင်္ဂလာ ရှိပါတယ်။
  • အမြဲတမ်း ကောင်းသော မိုးလင်းခြင်း ဖြစ်ပါတယ်။
  • အမြဲတမ်း ကောင်းသော အိပ်ရာထခြင်း ဖြစ်ပါတယ်။
  • အမြဲတမ်း ကောင်းသော အချိန်အခါ ဖြစ်ပါတယ်။
  • အမြဲတမ်း ကောင်းသော ပူဇော်ခြင်း ဖြစ်ပါတယ်။
၁၇။ သတ္တ၀ါများ သန္တာန်မှာ ကာယကံကုသိုလ်၊ ၀စီကံကုသိုလ်၊ မနောကံကုသိုလ် များဖြစ်ပွားကြပါစေ၊ ၎င်းကုသိုလ်များပွားအောင် ဆောက်တည် ကျင့်သုံးနိုင်ကြပါစေ။
၁၈။ သပ္ပုရိသနွယ်ဝင် သူတော်စင်များသည် ကာယကံ၊ ၀စီကံ၊ မနောကံကုသိုလ်သုံးပါးကို ကြိုးစားအားထုတ်ကြသဖြင့် ကောင်းကျိုးချမ်းသာများကို ရရှိကြပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာတော်၌ တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်ကာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအထိ ဖြစ်တော်မူကြပါစေ။
သပ္ပုရိသနွယ်ဝင် သူတော်စင်များသည် ဆွေမျိုးသားချင်းများနှင်အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာတော်မူကြပါစေ။
ပုဗ္ဗဏှသုတ် မြန်မာပြန်ပြီး၏။

ပုဗ္ဗဏှသုတ် ရွတ်ဖတ်ခြင်း အကျိုး

ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်။ ကံဇာတာနိမ့်နေခိုက် အထူးရွတ်ဆိုရန်သင့်သည်။ လုပ်သမျှ အရာရာနှင့် အကြောင်းကြောင်း၊ အထစ်ထစ် အငေါ့ငေါ့ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်။ အရေးကြီးသော ကိစ္စတစ်ခုခုကို အောင်မြင်အောင် ဆောင်ရွက်လိုသောအခါ မသွားမီ ဤသုတ်ကို သရဇ္ဈယ်ပါ၊ မုချအောင်ပါလိမ့်မည်။


https://sites.google.com/a/thuthusan.net/dhamma/11payate/potebarnathote 

No comments:

Post a Comment