ပိုင်းလော့ဆရာတော်
အရှင်ဇေယျပဏ္ဍိတ
(မိုးကုတ်ဓမ္မကထိက) ရေးသားပြုစုသော
ကျေးဇူးပြစ်မှားဒဏ်ဆယ်ပါးနှင့်ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်းစာအုပ်မှ
မှတ်သားဖွယ်ရာများ -
ခင်ပွန်း
။ ။
ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်မှန်ရင် ခင်ပွန်းလို့သုံးတယ်။
ဘုရားအလောင်းတော်ကျေးမင်းဟာ သစ်ပင်ကိုမှီပြီးစားရလို့ သစ်ပင်ကိုတောင် အဆွေခင်ပွန်းလို့သတ်မှတ်တယ်။
ဘုရားအလောင်းတော်ကျေးမင်းဟာ သစ်ပင်ကိုမှီပြီးစားရလို့ သစ်ပင်ကိုတောင် အဆွေခင်ပွန်းလို့သတ်မှတ်တယ်။
ခင်ပွန်းကြီး
၁၀
ပါး
။ ။
-
ဘုရား
-
ပစ္စေကဗုဒ္ဓါအရှင်မြတ်
-
အဂ္ဂသာဝက မဟာသာဝက (ဘုရားရှင်ရဲ့ပါရမီကို
လေးပုံတစ်ပုံဖြည့်ရတယ်။ တသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတယ်၊
အဂ္ဂသာဝကဆိုတာ အခြားမဟုတ်ဘူး။ လက်ဝဲရံလေးဆယ်၊ လက်ယာရံလေးဆယ် ပေါင်းရှစ်ဆယ်။
ဦးဆောင်တဲ့ပုဂ္ဂိုလ်က အရှင်သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလန်
မထေရ်နှစ်ပါးဖြစ်တယ်။ အဲ့ဒီနှစ်ပါးကို အဂ္ဂသာဝကလို့ခေါ်တယ်။
ကျန်တဲ့၇၈ပါးကို မဟာသာဝက)
-
ရိုးရိုးရဟန္တာ
-
မိခင်
-
ဖခင်
-
အသိအလိမ္မာပေးတဲ့သူ (ဆရာသမား)
-
သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဖြည့်ကျင့်တဲ့ လူပုဂ္ဂိုလ်၊
ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်
-
ဘုရားရဲ့တရားတော်တွေကို ပြန်လည်ဟောကြားပေးတဲ့ ဆရာသမား
(စကားလုံးတစ်လုံးလေးပဲ အသိရသွားပါစေ ကျေးဇူးရှိတယ်)
-
အထောက်အပံ့ပြုခဲ့ဖူးတဲ့ ပုဂ္ဂိုလ် (ထမင်းတစ်လုပ် ရေတစ်မှုတ်ဖြစ်စေ နောက်ဆုံးနေရာလေးဖယ်ပေးတာကအစ အကုန်ပါတယ်)
သံသရာသက်တမ်းရေတွက်ပုံ
ဘုရားကဟောပြန်တယ်။
သံသရာသက်တမ်းက အင်မတန်ကြာတယ်တဲ့။ ဘယ်လောက်ကြာလဲဆိုရင် သင်္ချေပေါင်းအနန္တတဲ့။
တစ်သေင်္ချဟာ ဘယ်လောက်ရှိလဲ။ စာတတ်ပုဂ္ဂိုလ်ဆရာတော်ကြီးတွေကပြောတယ်။
တစ်သင်္ချေဟာ တစ်နောက်မှာ သုံညအလုံးပေါင်း တစ်ရာ့လေးဆယ်ရှိတယ်တဲ့။
ဒါဟာနှစ်လားမေးတော့ ကမ္ဘာတွေပါတဲ့။ ကမ္ဘာအလုံးပေါင်းလို့မှတ်ပါ။ ကာလနော်။
အဲဒါကို တစ်သင်္ချေလို့ခေါ်တယ်။
အဲ့တော့ တစ်ကမ္ဘာကို ဘယ်လောက်ကြာလဲလို့မေးတော့ ဘုရားဖြေခဲ့တယ်။ အလျား(၁၂) မိုင်၊ အနံ(၁၂) မိုင်၊ အမြင့်(၁၂) မိုင် ရှိတဲ့သံကန်ကြီးတဲ့၊ အဲ့ထဲကို မုံညှင်းစေ့ အပြည့်ထဲ့မယ်တဲ့။ ချစ်သားတို့ အနှစ်တစ်ရာကြာမှ မုံညှင်းစေ့ တစ်စေ့ဖယ်မယ်တဲ့။ ထိုမုံညှင်းစေ့များ ကုန်သွားသောကာလသည် တစ်ကမ္ဘာခန့်ဟုမှတ်တဲ့။ တစ်ကမ္ဘာအတွင်းမှာ မသေဘူးတဲ့နေရာမ၇ှိဘူးတဲ့။ ဒါကြောင့် အခုနေထိုင်ရာနေရာဟာလည်း နေရာဟောင်းတဲ့။ အသစ်မဟုတ်ဘူး။ ဒါဟာမလွဲတဲ့နိယာမ။
ဘုရားရှင်ဖြည့်ခဲ့တာက အဲ့ဒီလို သင်္ချေအစုလေးစုအပြင် အစွန်း ကမ္ဘာတစ်သိန်း၊ လေးသင်္ချနဲ့ ကမ္ဘာတစ်သိန်းနော်။
ဘုရားရှင်ဟာ သတတ္တ၀ါတွေရဲ့ အထည်အစ (တနည်း) ဘ၀အစကို မဟောဘူး။ ဘာလို့လည်းဆိုတော့ အချိန်မပေးနိုင်တာ။
ဒဿန နဲ့တက္က

ချစ်သားတို့
လူတစ်ယောက်အကြောင်းကို နောက်ဆုတ်တွေးလိုက်ရင် (၄၅)၀ါပြည့်တာတောင်
အစရောက်မှာ မဟုတ်ဘူးတဲ့။ အချိန်ပေးရတယ်။ ဒါကြောင့်ဘုရားမဟောဘူး။
အကျိုးမထူးလို့တဲ့။ ကိုယ်တိုင်မမြင်တာကိုလည်း ဖြီးဖြန်းပြီးမဟောဘူး။
အထင်နဲ့လည်းမဟောဘူး၊ မြင်တာကိုပဲ ဟောတယ်၊ လိုအပ်ရင်တော့
လွန်ခဲ့တဲ့နှစ်ပေါင်းဘယ်လောက်က ဘာဖြစ်ခဲ့တယ်။ ဒီလိုတော့ဟောတယ်။
သံဝေဂရအောင်၊ တ၇ားရအောင်တော့ဟောတယ်။ ဒဿနဆိုတာ တိုက်ရိုက်မြင်တာကိုပြောတာ။
ဘုရားက နိဗ္ဗန်ကို တိုက်ရိုက်မြင်တာနော်။ အခုသက်ရှိထင်ရှားကိုပဲ
နိဗ္ဗာန်မြင်ရမယ်။ သေရင်လည်း ကျိန်းသေလွတ်မြောက်မယ်။ တိုက်ရိုက်မြင်တဲ့
တရားကိုပဲ ဘုရားကဟောတယ်။
တက္ကဆိုတာ မှန်းဆတွေးတာ။ ရှေးတုန်းက ဂိုဏ်းဂဏတွေဟာ ကိုယ်တိုင် မြင်တာမဟုတ်ဘဲနဲ့ သေရင်ရောက်မယ်။ May Be ပေါ့နော်။ ဒါဟာကျိန်းသေမဟုတ်ဘူး။ သေရင်ေ၇ာက်လိမ့်မယ်ဆိုတာ တက္က၀ါဒ၊ ဒါကြောင့် တက္ကတွန်းလို့ခေါ်တာ။ ဥပမာ ဗြဟ္မာကြီးတွေကစတယ်။ တစ်ချို့ဖန်ဆင်းရှင်တွေက ဖန်ဆင်းတယ်လို့ပြောတဲ့ ပုဂ္ဂိုလ်တွေလည်း တကယ်မသိဘူး။ မြင်တာမဟုတ်ဘဲနဲ့ မှန်းဆပြီးပြောတာ။ ကိုယ်လည်းမမြင်၊ သူလည်းမမြင်ဘဲနဲ့ မှန်းဆပြောတာ။
ဘုရားရှင်ဟာဒီလိုမဟုတ်ဘူး၊ တိုက်ရိုက်ကျင့် တိုက်ရိုက်မြင်ရမယ်။ ခိုင်မာတဲ့ဝါဒခေါ်တယ်။

သံသရာမှာ
ကျေးဇူးကင်းသူမ၇ှိ
ဘုရားကပြပြန်တယ်၊
မြေကြီးခဲကို ဇီးစေ့လောက်လေးလုံးတဲ့၊ အဲဒီလိုလုံးပြီး၊ ဒါဟာဒီဘ၀မှာ
တော်ခဲ့တဲ့အဖေဆိုပြီးဖယ်လိုက်၊ ဒုတိယဘ၀၊ တတိယဘ၀စသဖြင့် ဖယ်လိုက်တဲ့
မြေကြီးသာကုန်သွားဖွယ်ရှိတယ်။ အဖေ၊ အမေတွေဆုံးမှာမဟုတ်ဘူးတဲ့။
ဒီလောက်သံသရာမှာ များခဲ့တာ။ ဒါကြောင့် အကုန်လုံးဟာ
အမျိုးတော်ခဲ့ဖူးသူတွေချည်းပဲ။ လူဟာလူပဲ။
ဘာသာအုတ်တံတိုင်းနဲ့ခြားမနေပါနဲ့။ ဘာသာဆိုတဲ့အယူဝါဒတွေ ခြားထားလို့
လူတွေဟာ မေတ္တာကင်းမဲ့ကုန်တာပေါ့။ နယ်နိမိတ်တွေမခြားဘဲ
လူလူချင်းမေတ္တာထားရင်အကောင်းဆုံးပါပဲ။
တစ်ဦးနဲ့တစ်ဦး ကျေးဇူးမြင်ရင် အားလုံးမှာဘာပေါ်လဲဆိုတော့ မေတ္တာဆိုတာပေါ်လာတယ်။ မေတ္တာဓါတ်ထွက်ခြင်းရဲ့ အကြောင်းဟာ ကျေးဇူးမြင်ခြင်းပဲ။
တစ်ဦးနဲ့တစ်ဦး ကျေးဇူးမြင်ရင် အားလုံးမှာဘာပေါ်လဲဆိုတော့ မေတ္တာဆိုတာပေါ်လာတယ်။ မေတ္တာဓါတ်ထွက်ခြင်းရဲ့ အကြောင်းဟာ ကျေးဇူးမြင်ခြင်းပဲ။
ဒဏ်ဆယ်ပါး
ကျေးဇူးတရားဆိုတာ
ကိုယ့်ရဲ့စိတ်အစဉ်မှာ ဆက်စပ်နေတယ်။ တစ်ဦးနဲ့တစ်ဦးဟာ ဆက်စပ်နေတယ်။
သူပေးတဲ့အစားအစာ၊ သူပေးတဲ့အင်အားပေါ့။ တခြားပုဂ္ဂိုလ်ကပေးတဲ့ စွမ်းအင်တွေ
ကိုယ့်မှာရထားတယ်။ အဲ့ဒီအင်အားနဲ့ အဲ့ဒီပုဂ္ဂိုလ်ကိုပြန်ပြီး
တိုက်ခိုက်တယ်ဆို မတော်ပါဘူး။ မမြင်တာကို ကန်းတယ်လို့ခေါ်တယ်။
ကျေးဇူးကန်းတဲ့စကားဟာ သူရဲ့ပြုဖူးခဲ့တဲ့ကျေးဇူးကို မမြင်တာ။
အချင်းချင်းတိုက်ခိုက်တဲ့ စကားတွေပြောကြတယ်။ ကန်းတော့
မဟုတ်တာတွေလုပ်ကြတယ်။ ဘုရားဉာဏ်နဲ့ကြည့်လိုက်တော့
(သူတော်ကောင်းအမြင်နဲ့ကြည့်လိုက်တော့) ပြစ်မှားစရာ ပုဂ္ဂိုလ်တစ်ယောက်မှကို
မ၇ှိဘူး။ ပြစ်မှားခြင်းဆိုတာ အပူဓါတ်အဟုန်တွေပဲ။
ခင်ပွန်းကြီး
၁၀ပါးပြစ်မှားရင် ဒဏ် ၁၀ပါးသင့်တယ်။
-
သွေးအန်ဖြစ်လွယ်
-
ေ၇ာင်းဝယ်ရှုံးခြင်း
-
ချို့ယွင်းအင်္ဂါ
-
နူနာကုဋ္ဌ
-
ရူးကြဖောက်ပြန်
-
မင်းဒဏ်သင့်ခဏ်း
-
ကြမ်းတမ်းစွပ်စွဲ
-
သေကွဲသားချင်း
-
ပျက်ခြင်းစည်းစိမ်
-
နေအိမ်မီးလောင်
ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သေကငရဲ၊ ကမ္ဘာစွဲ၏။ ဤဒဏ်၁၀ပါးအပြင် မင်္ဂဉာဏ် ဖိုလ်ဉာဏ်ကိုပင် တားနိုင်ပါသည်။
ပုဂ္ဂိုလ်
၁၄ဦးနဲ့
တန်ပြန်အဆ
တစ်လောကလုံးမှာရှိတဲ့
ပုဂ္ဂိုလ်တွေကို ဘုရားက ခွဲလိုက်တော့ ၁၄ဦးတွေ့တယ် အပေါ်ဆုံးက ၂ဦး၊ နောက်
၈ဦး၊ နောက် ၄ဦး။
ပုဂ္ဂိုလ်
တန်ပြန်အဆ
ဗုဒ္ဓ၊ သက်ရှိဘုရား မိဘ (အထူးဆိုဖွယ်ရာမရှိ)
ဗုဒ္ဓ၊ သက်ရှိဘုရား မိဘ (အထူးဆိုဖွယ်ရာမရှိ)
ပစ္စေက ဗုဒ္ဓ
အရဟ္တမဂ်
အရဟတ္တဖိုလ်
အနာဂါမိမဂ်
အနာဂါမိဖိုလ် (ဆိုဖွယ်ရာမရှိ) အသင်္ချေယျ
သကဒါဂါမိမဂ်
သကဒါဂါမိဖိုလ်
သောတာပတ္တိမဂ်
သောတာပတတ္တိဖိုလ်
အရဟ္တမဂ်
အရဟတ္တဖိုလ်
အနာဂါမိမဂ်
အနာဂါမိဖိုလ် (ဆိုဖွယ်ရာမရှိ) အသင်္ချေယျ
သကဒါဂါမိမဂ်
သကဒါဂါမိဖိုလ်
သောတာပတ္တိမဂ်
သောတာပတတ္တိဖိုလ်
သီလ+သမာဓိရှိသူ
ကုဋ္ဋေတစ်သိန်း
သီလရှိသူ သိန်း
သီလမဲ့သူ ထောင်
တိရိစ္ဆာန် အဆ/ဘ၀ ရာဂဏန်း
သီလရှိသူ သိန်း
သီလမဲ့သူ ထောင်
တိရိစ္ဆာန် အဆ/ဘ၀ ရာဂဏန်း
တန်ပြန်အဆသည်
အချိုးအဆလိုက် ကွာသွားတယ်။ ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ်။
မှတ်ချက်၊ ဒီအထဲမှာ ထူးခြားတာဟာ သက်ရှိဘုရားဆိုတာ ရှိတယ်။ ဒါဟာဆ၇ာများဆုံးမတာနော်။ မိဘဟာ သက်၇ှိဘုရားတဲ့။ အဆသိပ်များတယ်မှတ်ပါ။
မှတ်ချက်၊ ဒီအထဲမှာ ထူးခြားတာဟာ သက်ရှိဘုရားဆိုတာ ရှိတယ်။ ဒါဟာဆ၇ာများဆုံးမတာနော်။ မိဘဟာ သက်၇ှိဘုရားတဲ့။ အဆသိပ်များတယ်မှတ်ပါ။
ကျေးဇူးရှိတဲ့သူ
အထူးသဖြင့် ခင်ပွန်း၁၀ပါးကို ပြစ်မှားမိရင် ကန်တော့တောင်းပန်ရတယ်။
ဒီအထဲမှာ ပဉ္စာနန္တိယကံကလွဲရင် ကျန်တာတွေ ပြေတယ်လို့မှတ်ထားရမယ်။ ပဉ္စာနန္တိယ
ကံသမားတောင်မှ ကန်တော့လို့ရှိရင် ငရဲသက်တမ်းလျော့တယ်တဲ့။ ဥပမာ
အဇာတသတ်မင်းသားကိုကြည့်ပါ. မဂ်သာမရတာ။ ငရဲသက်တမ်းလျော့သွားတယ်။ ဒါကြောင့်
ကန်တော့တာ နည်းနည်းမှ မလျှော့နဲ့။ မရှုံးဘူးလို့ မှတ်ပါ။
ပဉ္စာနန္တိယကံ
ငါးပါး
-
ဘုရားကို
သွေးစိမ်းတည်အောင် လုပ်တဲ့ပုဂ္ဂိုလ် (ဘယ်လောက်ကန်တော့ကန်တော့ ငရဲကျမှာပဲ။)
-
ရဟန္တာသတ်မိတဲ့ ပုဂ္ဂိုလ်
-
အမိသတ်တဲ့ ပုဂ္ဂိုလ်
-
အဖသတ်တဲ့ ပုဂ္ဂိုလ်
-
သံဃာသင်းခွဲတဲ့ ပုဂ္ဂိုလ်
ဖြေလို့မရဘူး။
ငရဲကျမှာပ။
https://sites.google.com/a/thuthusan.net/dhamma/aphorism/notes/khinpoon
မှကူးယူဖေါ်ပြအပ်ပါသည်။
https://sites.google.com/a/thuthusan.net/dhamma/aphorism/notes/khinpoon
မှကူးယူဖေါ်ပြအပ်ပါသည်။
No comments:
Post a Comment