မောရသုတ် (ပါဠိ)
၁။ ပူရေန္တံ ဘောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊
မဟာသတ္တံ ၀နေစရာ။
၂။စိရဿံ ၀ါယမန္တာပိ၊
နေ၀ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တ န္တိ အက္ခာတံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ဥဒေတ ယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿ ၀ဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ
ပထ၀ိပ္ပဘာသံ၊
တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ဒိဝသံ၊
၎။ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ၊
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော စရတိ ဧ သနာ။
၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထ၀ိပ္ပဘာသံ၊
တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ရတ္တိံ။
၆။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ၀ါသ မကပ္ပယိ။
မောရသုတ္တံ နိဋ္ဌိတံ။
မောရသုတ် (မြန်မာပြန်)
၁။ မောရသုတ် တန်ခိုးကြောင့် ဘုရားအလောင်း ဥဒေါင်းမင်းကို တောမုဆိုးများ နှစ်ရှည်လများ ဖမ်းယူကြသော်လည်း ဖမ်းမမိကြပါ။
၂။ အို သူတော်ကောင်းအပေါင်းတို့ " မြတ်သောမန္တန် " လို့ ဘုရားဟောခဲ့သော မောရသုတ် ပရိတ်တော်ကို စုပေါင်းညီညာစွာ ရွတ်ဆိုကြပါကုန်စို့။
၃။
အရှေ့အရပ်မှ ထွက်ပေါ်လာသော နေမင်းကြီးသည် သတ္တ၀ါများကို
အလင်းရောင်ပေးတော်မူ၏။ ဧကရာဇ်မင်းကဲ့သို့ တန်ခိုးကြီးတော်မူ၏။
ရွှေကဲ့သို့ဝါ၀င်း တောက်ပတော်မူ၏။ သင်နေမင်းကြီးကို အကျွန်ုပ်
(ဥဒေါင်းမင်း) ရှိခိုးပါ၏။ သင်နေမင်းကြီးရဲ့ အစောင့်အရှောက်ကို ခံယူကာ
တစ်နေ့လုံး ချမ်းသာစွာ နေထိုင်ပါမည်။
၎။
မကောင်းမှုအားလုံး ကင်းရှင်းတော်မူသော တရားအားလုံးကို
ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို တပည့်တော် (ဥဒေါင်မင်း)
ရှိခိုးပါ၏။ မြတ်စွာဘုရားစောင့်ရှောက်တော်မူပါ။ သစ္စာလေးပါးကို
သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်များကိုလဲ တပည့်တော် (ဥဒေါင်းမင်း)
၇ှိခိုးပါ၏။ အရဟတ္တမဂ်ဉာဏ်၊ အရဟတ္တဖိုလ်ဉာဏ်၊ သဗ္ဗညုတဉာဏ်များကိုလဲ တပည့်တော်
(ဥဒေါင်းမင်း) ရှိခိုးပါ၏။ ဤကဲ့သို့ ဘေးရန်အဆီးအတား အကာအကွယ်များကိုပြု၍
ဘုရားလောင်းဥဒေါင်းမင်း အစာရှာထွက်လေ့ရှိပါသည်။
၅။
အနောက်ဘက်၌ ၀င်လုဆဲဖြစ်နေသော နေမင်းကြီးသည် သတ္တ၀ါများကို
အလင်းရောင်ပေးတော်မူ၏။ ဧကရာဇ်မင်းကဲ့သို့ တန်ခိုးကြီးတော်မူ၏။ ရွှေကဲ့သို့
ဝါ၀င်းသော အဆင်းရှိတော်မူ၏။ သင်နေမင်းကြီးကို အကျွန်ုပ် (ဥဒေါင်းမင်း)
ရှိခိုးပါ၏။ သင်နေမင်းကြီး၏ အစောင့်အရှောက်ကို ခံယူကာ တစ်ညလုံး
နေထိုင်ပါမည်။
၆။
မကောင်းမှုအားလုံး ကင်းရှင်းတော်မူပြီးသော တရားအားလုံးကို
ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို တပည့်တော် (ဥဒေါင်းမင်း)
ရှိခိုးပါ၏။ မြတ်စွာဘုရား စောင့်ရှောက်တော်မူပါ။ သစ္စာလေးပါးကို
သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်များ၊ ကိလေသာ အာသဝေါ ကုန်ပြီးသော
ရဟန္တာပုဂ္ဂိုလ်များကိုလဲ တပည့်တော် (ဥဒေါင်းမင်း) ရှိခိုးပါ၏။
အရဟတ္တမဂ်ဉာဏ်၊ အရဟတ္တဖိုလ်ဉာဏ်၊ သဗ္ဗညုတဉာဏ်များကိုလဲ တပည့်တော်
(ဥဒေါင်းမင်း) ရှိခိုးပါ၏။ ဤကဲ့သို့ ဘေးရန်အဆီးအတား အကာအကွယ်များကိုပြု၍
ဘုရားလောင်း ဥဒေါင်းမင်း တစ်ညလုံးနေလေ့၇ှိပါသည်။
မောရသုတ်မြန်မာပြန်ပြီး၏။
မောရသုတ် ရွတ်ဖတ်ခြင်း အကျိုး
ပီယဆေးခတ်ခြင်း၊
ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတစ်ပါးတို့က မကောင်းမကြံနိုင်အောင်
ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသော
မိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစ်စုံတစ်ယောက်က
မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတစ်ပါးက မိမိ၏
ရာထူးအခြေအနေ လျှောကျအောင် ကြံစည်နေလျှင်လည်း အကာအကွယ်ကောင်းတစ်ခု
ဖြစ်ပေသည်။ လုပ်ကြံသတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။
https://sites.google.com/a/thuthusan.net/dhamma/11payate/mawrathote
ပရိတ်ကြီး( ၁၁ )သုတ် သင်္ကြန်မတိုင်မှီ တင်လို့ပြီးပါမယ်။ ဒီမနက် အိမ်မှာကိုးကွယ်ထားတဲ့ဘုရားကို ရေသပ္ပါယ်ပါတယ်။ဒီပို့(စ်) မှာရှိနေတဲ့သူတွေအားလုံးနဲ့အတူ
ReplyDeleteမိတ်ဆွေများအားလုံးကိုအမျှပေးဝေပါတယ်။
သောကငြိမ်းသလို ..လောဘ..ဒေါသ..မောဟလဲ နည်းနိုင်သမျှနည်းနိုင်ကြပါစေ..။
ကျေးဇူးတင်ပါတယ်.။
ReplyDeleteပရိတ်ရဲ့အနက်ပါ ပါတော့ ကြည်ညိုစိတ်ပိုဖြစ်ပြီး..စိတ်အေးချမ်းတာပေါ့။
နေ့တိုင်းတင်ဖြစ်ပါတယ်။ခွင့်တောင်းခြင်းမှာ ရိုသေစွာနဲ့လေးလေးစားစားတောင်းခံခြင်းဖြစ်ပါကြောင်းထပ်လောင်းပြောကြားအပ်ပါတယ်။
ကုသိုလ်စိတ်ဖြင့် ဆောင်ရွက်နိုင်ပါစေ။
မေတ္တာဖြင့်
မခင်မိုးညို..၊