
ဗုဒ္ဓ၏ သြ၀ါဒအမြုတေ
ဒဂုန်ဦးထွန်းမြင့်ရေးသားပြုစုသော ဗုဒ္ဓ၏သြ၀ါဒအမြုတေ စာအုပ်မှ မှတ်သားဖွယ်ရာများစကား
သစ္စာစကား
မှန်သောစကားသည်
မပျောက်ပျက်နိုင်။ မှန်သောစကားသည်
ပျောက်ပျက်မသွားချေ၊ ဤကား ရှေးအစဉ်အလာက ဖြစ်နေသည့် သဘောတရားပင်ဖြစ်၏။
သူတော်ကောင်းတို့သည် မှန်ကန်သော အကျိုးအကြောင်း၌ ရပ်တည်နေကြလေသည်။
စကားအရာ
အင်္ဂါလေးတန်
၁။
ကောင်းစွာပြောဆိုအပ်သော စကား
၂။ တရားနှင့်စပ်သော စကား
၃။ ချစ်ဖွယ်သော စကား
၎။ ဟုတ်မှန်သော စကား
၂။ တရားနှင့်စပ်သော စကား
၃။ ချစ်ဖွယ်သော စကား
၎။ ဟုတ်မှန်သော စကား
လုပ်ပြီးမှပြောပါ
အကြင်အမှုကို
ပြုလုပ်၏။ ထိုမိမိပြုလုပ်သောအမှုကိုသာ ပြောရာ၏။ အကြင်အမှုကို မပြု၊
ထိုမပြုသောအမှုကို မပြောရာ။ မလုပ်ဘဲပြောသူကို ပညာရှိများက
အထင်သေးကြသည်။
မုသား
မုသားပြောဖို့မရှက်သောသူ
မပြုဘဲနေမည့် မကောင်းမှုဟူ၍ တစ်ခုမျှမရှိ။ သို့ဖြစ်၍ မဟုတ်မမှန်သောစကားကို
ရယ်စရာအဖြစ်ဖြင့်သော်မျှ မပြောတော့အံ့ဟု ဆုံးဖြတ်လိုက်နာရမည်။
ကောလဟလ
သူတစ်ပါးပြောစကား
(ကောလဟလ) ကို မယုံစားကြနှင့်။ သူတစ်ပါးပြောသောစကားကို
ယုံမိသည့်အတွက်
ယုန်ငယ်တစ်ကောင်၏စကားကြောင့် သားကောင်အများပျက်စီးခဲ့ဖူးသည်။
စကား
ပညာရှိသည်
အကယ်၍ စကားပြောလိုလျှင် ပြောသင့်သော အချိန်အခါဟုတ်မဟုတ်ကို ဆင်ခြင်၍ တရား၌
ရပ်တည်လျက် တရားနှင့်စပ်သော စကားကို သူတော်သူမြတ် (လူကြီးလူကောင်း) တို့၏
အသုံးအနှုန်းမျိုးဖြင့် ပြောဆိုရာ၏။
ကောင်းသောစကား
၁။ ပြောသင့်သောအခါ၌
ပြောဆို၏။
၂။ မှန်ကန်စွာ ပြောဆို၏။
၃။ သိမ်မွေ့စွာ ပြောဆို၏။
၎။ အကျိုးစီးပွားနှင့်စပ်၍ ပြောဆို၏။
၅။ မေတ္တာစိတ်ဖြင့် ပြောဆို၏။
၂။ မှန်ကန်စွာ ပြောဆို၏။
၃။ သိမ်မွေ့စွာ ပြောဆို၏။
၎။ အကျိုးစီးပွားနှင့်စပ်၍ ပြောဆို၏။
၅။ မေတ္တာစိတ်ဖြင့် ပြောဆို၏။
စကားများခြင်းအပြစ်
၁။
မဟုတ်မမှန်သောစကားကို ပြောမိတတ်၏။
၂။ ကုန်းတိုက်စကားကို ပြောမိတတ်၏။
၃။ ကြမ်းတမ်းသောစကားကို ပြောမိတတ်၏။
၎။ အနှစ်မဲ့သောစကားကို ပြောမိတတ်၏။
၅။ သေလွန်သောအခါ အပါယ်ကျရ၏။
၂။ ကုန်းတိုက်စကားကို ပြောမိတတ်၏။
၃။ ကြမ်းတမ်းသောစကားကို ပြောမိတတ်၏။
၎။ အနှစ်မဲ့သောစကားကို ပြောမိတတ်၏။
၅။ သေလွန်သောအခါ အပါယ်ကျရ၏။
ဆွေးနွေးလျှင်
ပညာရှိသည်
ဆန့်ကျင်ဘက်မလုပ်ဘဲ၊ မာနထောင်လွှားခြင်းလည်းမရှိဘ၊ဲ တည်ငြိမ်သော
စိတ်ကိုထား၍
ဂုဏ်ပြိုင်ခြင်း၊ နိုင်ထက်စီးနင်းပြုမူခြင်း၊ ငြူစူခြင်းလည်းမ၇ှိဘဲ
မိမိကောင်းစွာသိသော အချက်ကိုပြောဆိုရာ၏။ တဖက်သားက ကောင်းမွန်စွာ
ပြောဆိုသော စကားကိုလည်း ၀မ်းမြောက်လက်ခံရာ၏။ (ကောင်းမွန်စွာပြောဆိုခြင်း
မဟုတ်သည့်တိုင်အောင် ကြိမ်းမောင်းခြင်းမပြုရာ။)
သူတစ်ပါးအား
ချုပ်ချယ်ခြင်း ကိုလည်း မပြုရာ၊ စကားအနည်းငယ်ချွတ်ချော်သွားသည်ကိုလည်း
အပြစ်မယူရာ။ အကိုးအကားတွေများစွာရွတ်၍လည်း မလွှမ်းမိုးရာ၊ ယုတ္ထိ
ယုတ္တာပြ၍လည်း မဖိနှိပ်ရာ၊ အမှန်အမှားရောထွေးနေသော စကားကိုလည်း မပြောရာ။
မှကူးယူဖေါ်ပြအပ်ပါသည်.....
No comments:
Post a Comment