ကျနော်နေရာလေးကို ရောက်လာတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်ဗျာ

Wednesday, April 3, 2013

ဝဋသုတ်

ဝဋသုတ် (့ပါဠိ)

၁။
ပုရေန္တံ ဘောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ ၀ဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊
မဟာသတ္တံ ၀ိဝဇ္ဇယိ။

၂။ ထေရဿ သာရိပုတ္တဿ၊
လောကနာထေနိ ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

၃။အတ္ထိလောကေ သီလဂုဏော၊
သစ္စံ သောစေယျ နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊
သစ္စကိရိယ မုတ္တမံ။

၎။အာဝဇ္ဇေတွာ ဓမ္မဗလံ၊
သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ မ၀ဿာယ၊
သစ္စကိရိယ မကာသဟံ။

၅။ သန္တိ ပက္ခာ အ ပတန၊
သန္တိပါဒါ အ၀ဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊
ဇာတဝေဒ ပဋိက္ကမ။

၆။ သဟ သစ္စေ ကတေ မယှံ၊
မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသ ကရီသာနိ၊
ဥဒကံ ပတွာ ယာထာ သိခီ။
သစ္စေန မေ သမော နတ္ထိ၊
ဧသာ မေ သစ္စပါရမီ။

ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။

ဝဋသုတ် (မြန်မာပြန်)

၁။  အို သူတော်ကောင်းအပေါင်းတို့
ဘုရားလောင်း ငုံးမင်းကလေးအား တောမီးဘေးမှ အပြီးတိုင် ကယ်တင်နိုင်စွမ်းရှိသော-
၂။ ရှင်သာ၇ိပုတ္တရာ မထေရ်မြတ်အား မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ကမ္ဘာဆုံးသည့်တိုင် တန်ခိုးထက်မြတ်လှသော ၀ဋသုတ်ပရိတ်တော်ကို ပေါင်းစုညီညာရွတ်ဆိုကြပါကုန်စို့။
၃။ လောကမှ သီလ၏ ဂုဏ်ကျေးဇူး၊ မှန်ကန်သော သစ္စာစကား၊ ကိုယ်နှုတ်နှလုံးဖြူစင်သန့်ရှင်းခြင်း၊ သတ္တ၀ါများကို ချစ်ခြင်းမေတ္တာတရား၊ သတ္တ၀ါများကို သနားကြင်နာခြင်း၊ ကရုဏာတရားများ ထင်၇ှားရှိနေပေမည်သာ၊ ဤမှန်ကန်သော သစ္စာစကားနှင့်အတူ အကောင်းဆုံးသစ္စာကို ပြုပါအံ့။
၎။ တရားတော်၏ တန်ခိုးနှင့် ရှေးရှေးဘုရားရှင်များကို အာရုံပြု၍ သစ္စာ၏ စွမ်းပကားကို ကိုးစားကာ ငါဘု၇ားနုစဉ်အခါ ငုံးမင်းကလေးဖြစ်စဉ်က သစ္စာပြုခဲ့ဖူးပြီ။
၅။ 
  • ငါ့မှာ အတောင်ရှိပါတယ်၊ ဒါပေမယ့် မပျံနိုင်သေးပါ။
  • ငါ့မှာခြေထောက်၇ှိပါတယ်၊ ဒါပေမယ့် မသွားနိုင်သေးပါ။
  • ငါ့မိဘများလဲ ထွက်ပြေးကြပါပြီ၊
ဒီသစ္စာစကားကြောင့် တောမီးကြီး ဝေးရာသို့ဖယ်သွားပါ။
၆။ သစ္စာပြုတာနှင့် တစ်ပြိုင်နက် တောမီးကြီးသည် ငုံးမင်းကလေးနှင့် ၁၆ - မင်းပယ်ဝေးသော အရပ်က ဖယ်သွားခဲ့ဖူးပြီ။ ငုံးမင်းကလေး၏ သစ္စာနှင့်တူသော အခြားသစ္စာမရှိပါ။ ငုံးမင်းကလေး သစ္စာသည် သစ္စာပါ၇မီဖြစ်ပါသည်။

ဝဋသုတ် ရွတ်ဖတ်ခြင်း အကျိုး

မီးဘေးလွတ်ကင်းစေနိုင်သည်။ မိမိကိုယ်တိုင် မီးဘေးမသင့်ရအောင် မိမိရပ်ကွက်မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။


1 comment:

  1. ပရီတ်ကြီး( ၁၁ )သုတ်ကို တင်နေပါတယ်။ဒီနေ့ (၀ဋသုတ် )တင်ပါတယ်။
    သောကကင်းဝေးပါစေ

    ReplyDelete